Saturday, June 27, 2015

Steve Jobs နှင့်ပတ်သက်၍ လူသိနည်းသောအချက်(၁၀)ချက်


Innovation မှာ တူမတူအောင် စွမ်းဆောင်နိုင်ခဲ့မှုကြောင့် စတိဗ်ဂျော့ဆို မသိသူ မရှိလောက်အောင် အောင်မြင်ကျော်ကြားခဲ့ပါတယ်။ Apple Inc ကို တည်ထောင်ခဲ့တဲ့ စတိဗ်ဂျော့ရဲ့  လူသိနည်းတဲ့အချက်များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
၁။ စတိဗ်ဂျော့ဟာ သက်သက်လွတ်စားသုံးသူ ဖြစ်ပါတယ်။ ပြီးတော့ သစ်သီး သစ်ဥ ကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။ သူအကြိုက်ဆုံး အသီးကတော့ ပန်းသီး ဖြစ်ပြီး၊ ကုမ္မဏီကိုလည်း Apple လို့ပဲ အမည်ပေးခဲ့ပါတယ်။
၂။ စတိဗ်ဂျော့ဟာ ၂၀၁၀ ခုနှစ်က ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းထဲမှာ အဆင့် ၁၃၆ ရှိခဲ့ပါတယ်။ အဲဒီအချိန်က အမေရိကန်ဒေါ်လာ ၅.၅ ဘီလျံကြွယ်ဝပါတယ်။ အဓိကဝင်ငွေကို ဒစ်စနေးမှ ရရှိခြင်း ဖြစ်ပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၄၈ သန်း ဝင်ငွေ ရှိပါတယ်။ ကွယ်လွန်ခါနီး အချိန်က စတိဗ်ဂျော့ရဲ့ ပိုင်ဆိုင်မှုဟာ ၈ ဘီလျံ ရှိတယ်လို့ သိရပါတယ်။
၃။ စတိဗ်ဂျော့ ရဲ့ လစာကို သိရင် အင်မတန် အံ့သြဖို့ ကောင်းသွားပါလိမ့်မယ်။ Apple ကပေးတဲ့ သူ့ရဲ့  Annual Salary ဟာ ၁ ဒေါ်လာပဲ ရှိပါတယ်။ သူ့ ရဲ့ အဓိက ဝင်ငွေက သူပိုင်သော Disney မှ ဖြစ်ပြီး ဒစ်စနေးမှ ရှယ်ယာများနဲ့ ရပ်တည်နေသူ ဖြစ်ပါတယ်။
၎။ စတိဗ်ဂျော့ဟာ ကျောင်းထွက်ခဲ့သူ ဖြစ်ပါတယ်။ Reed ကောလိပ်မှာ semester တစ်ခုသာ ဖြေဆိုခဲ့ပြီး ကျောင်းထွက်ခဲ့ပါတယ်။
၅။ စတိဗ်ဂျော့ရဲ့ တကယ့် ဝါသနာအစစ်က နည်းပညာဘက်မှာ မဟုတ်ခဲ့ပါဘူး။ သူတကယ် ဝါသနာပါတဲ့ အရာက စာလုံးပန်းချီ ဖြစ်ပါတယ်။ စာလုံးကို ပုံစံလှလှရေးပြီးယင်းစာရွက်များကို စုတတ်တဲ့အကျင့် သူ့မှာ ရှိပါတယ်။
၆။ HP ကွန်ပျူတာ ကုမ္မဏီနဲ့ ပထမဆုံး နည်းပညာအစည်းအဝေးတတ်တုန်း က စတိဗ်ဂျော့ဟာ အသက် ၁၂ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ အသက်ငယ်ငယ်နဲ့ နည်းပညာလောက ထဲကို ဝင်ရောက်လာသူ ဖြစ်ပါတယ်။
၇။ ဂျော့ဟာ မွေးစားသား ဖြစ်ပါတယ်။ သူ့ကို အမှန်တကယ် မွေးဖွားခဲ့တဲ့ မိဘတို့က စွန့်ပစ်ခဲ့လို့ အခြား မိဘများက ပြန်လည် မွေးစားခဲ့ခြင်း ဖြစ်ပါတယ်။
၈။ ဂျော့ဟာ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ပါတယ်။ မူလက ခရစ်ယာန်ဘာသာကို ကိုးကွယ်ပေးမယ့် ကောလိပ်ကျောင်းက ထွက်ပြီးနောက် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဇင် မဟာယနဘာသာ ဖြစ်ပြီး ထေရ၀ါဒ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံကို လည်ပတ်ပြီး ဖြစ်ပေါ်လာတဲ့ သူရဲ့ ဆန္ဒဖြစ်ပါတယ်။ တစ်သက်လုံး ဘုန်းကြီးဝတ်သွားဖို့တောင် စိတ်ကူးထားသူလို့ ဆိုကြပါတယ်။
၉။ ဂျော့ဟာDyslexia ရောဂါသည် တစ်ဦးဖြစ်ပါတယ်။ ယင်းရောဂါဟာ အာရုံစူးစိုက်မှု အားနည်းသော ရောဂါ ဖြစ်ပါတယ်။ Dyslexia မှာ အကြား အားနည်းခြင်း၊ စကားပြော အားနည်းခြင်း၊ အမြင်အားနည်းခြင်း တို့ ဖြစ်ပြီး ဂျော့ ကတော့ စာဖတ်ရာမှာ အားနည်းသူ ဖြစ်ပါတယ်။ ဒီလိုရောဂါရှိတဲ့ သူများက အတွေးအမြင်ဆန်းသစ်မှုမှာ အားသာချက် ရှိတယ်လို့ ဆိုကြပြီး အိုင်းစတိုင်းဟာလည်း Dyslexia ရောဂါသည် တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
၁၀။ ဂျော့မှာ အဆီးရီးယား သွေးတစ်ဝက် ပါပါတယ်။ သူ့ရဲ့ ဖခင်ဟာ အဆီး၇ီးယား လူမျိုးဖြစ်ပြီး မူဆလင်ဘာသာကိုးကွယ်သူများ ဖြစ်တယ်လို့ သိရပါတယ်။ မိခင်ကတော့ အမေ၇ိကန် လူဖြူဖြစ်ပါတယ်။
—–
Ref: gizmocrazed.com
အောင်ခမ်း ( smart.com.mm )
Ref:Smart Pro Journal 

SIM UNLOCK CODE ကို တွက်ချက်ပေးမယ့် SOFTWARE

sim unlock code ကိုတွက်ချက်ပေးမဲ့  software.....လေးပါ....တန်ဖိုးအရမ်းရှိပါတယ်ခင်ဗျာ....ပုံမှန်ဆိုရင် ကျွန်တော် တို့ ဦးဏှောက်နဲ့ တော်တော်လေး တွက်ချက် ရမဲ့ အဖြေကို တစ်ထိုင်တည်း ရှာပေးမဲ့ ဆော့ ဝဲလေးလည်းဖြစ်ပါတယ်.....မိမိတို့ ရဲ့ မိတ်ဆွေတွေကို လည်း အွန်လိုင်းကနေ ဒီ ကောင်လေးကိုအသုံးပြုပြီး အကူအညီပေး နိုင်ပါပြီ...ပုံမှန်ဆိုရင်တော့  sim unlock လုပ်တာ နိုင်ငံခြား ဆိုဒ်တွေမှာ ဒေါ်လာ ကိုသောက်သောက် လည်အောင်တောင်းပါတယ်....ကျွန်တော်ကတော့ ဖရီးအနေနဲ့ ပြန်လည်မျှဝေထားပါတယ်...အသုံးပြုပုံလေးကို တစ်ခါတည်းပါ ဖော်ပြပေးထားတာမို့ ....အသုံးပြု လိုတယ်ဆိုရင် အောက်မှာဒေါင်းလုပ်ယူကြပါ...ဒီနေရာမှာ SIM LOCK ဆိုတာနားမလည်သေးတဲ့ သူတွေအနေနဲ့ ကျွန်တော် ဘလော့ မှာအသေးစိတ်ရေးထားတာလေးကို ဒီမှာ ဝင်ဖတ်ပေးပါ။
လိုအပ်ချက်အနေနဲ့ ကတော့ 
==========================
1 . ROOT လုပ်ထားရပါမယ်။
2. အရင်ဆုံး sim unlock လုပ်ဖို့ အတွက်Android Terminal Emulator ကိုအရင် ဒေါင်းထားပါ။
3. မိမိတို့  ဖုန်းကို *#06# ကိုနိုပ်ပြီး IMEI နံပါတ်ကိုရှာပေးပါ 
 UN LOCK CODE ကိုတွက်ချက်ပုံ
========================= =
Terminal Emulator app ကိုဖွင့် ပြီး
 su [enter]

strings -n 8 /dev/block/mmcblk0p6[enter] ကိုနိုပ်ပေးပါ။ ဒါဆိုရင် မိမိရဲ့  IMEI 
နံပါတ်ပါတာတစ်ခုကိုတွေ့ ရပါလိမ့် မယ်... [ဥပမာ] UN_Lock_code = 063312345 
မျိုးပေါ်လာပါလိမ့် မယ်.
  
ဒါဆိုရင်တော့  ....UNLOCK ကုဒ်ရပါပြီ။......
 ဒီဆော့ ဝဲလေးကို မိမိတို့  pc မှာ install လုပ်ထားပေးပါ...ဖုန်းနှင့် ချိတ်စရာမလိုပါဘူးခင်ဗျာ...
အပေါ်က UN LOCK CODE နေရာမှာမိမိတို့ ရရှိထားတဲ့ ကုဒ်ကို  ဖြည့် ပေးလိုက်ပါ..အောက်မှာ IMEI နံပါတ်ကို နောက်ဆုံး ( ၇ ) လုံးကိုထည့် ပေးလိုက်ပါ။
ပြီးရင် OK နိုပ်တာနှင့် .....အောက်မှာ SIM UNLOCK ကုဒ်ထွက်ပေါ်လာပါလိမ့် မယ်....
မိမိတို့ ဖုန်းကို SIM UNLOCK လုပ်ဖို့ အတွက်ဖုန်းကိုပါဝါပိတ်ပြီး  SIM CARD 
ကိုထုတ်လိုက်ပါ။။။ နောက်မိမိအသုံးပြုလိုတဲ့  SIM CARD ကိုထည့်  လိုက်ပါ...ပြီးရင် အပေါ်က ရထားတဲ့  
SIM UNLOCK ကုဒ်ကိုရိုက်ထည့် ပေးလိုက်ပါ........ဖုန်း REBOOT 
ကျပြီးပြန်တာလာတာနှင့် မိမိတို့ ဖုန်းကိုအသုံးပြုလို့ ရပါပြီ...
 အဆင်ပြေကြပါစေ။
Credit : ပျဉ်းမနားသား
http://pmamobile.blogspot.com

Android Application များနှင့် IT နည်းပညာများလေ့လာနိုင်သော Website လိပ်စာများ

Android application များ အခမဲ့ ရယူနိုင်ခြင်း နှင့် IT & Mobile နည်းပညာများ လေ့လာနိုင်သော
websites တစ်ချို့ကို ရေးပေးလိုက်ပါတယ်။

www.andropalace.net ( ခိုးပြီးသားဂိမ်းများ ရယူနိုင်သည် )

www.slideme.org ( အသုံးဝင် app များစွာ ရယူနိုင်သည် )

www.apkmania.co ( အသစ်ထွက် app & games များ ရယူနိုင်သည် )

www.pro-apk.blogspot.com ( ခိုးပြီးသားဂိမ်းများ ရယူနိုင်သည် )

www.papktop.com ( apps & games များ ရယူနိုင်သည် )

www.1mobile.com ( free app & games များ ရယူနိုင်သည် )

www.apk4.net ( အသစ်ထွက် app & games များ ရယူနိုင်သည် )

www.apkfunclub.net ( အသစ်ထွက် app & games များ ရယူနိုင်သည် )

www.appsroid.com ( apps & games များ ရယူနိုင်သည် )

www.android.mob.org ( အသစ်ထွက်ဂိမ်းများ နေ့စဉ်တင်ပေးသည် )

www.forum.xda-developers.com ( Android သတင်းနှင့် နည်းပညာများ ဖတ်ရှုလေ့လာနိုင်သည် )

www.androidcentral.com ( Android သတင်း နှင့် နည်းပညာများ လေ့လာနိုင်သည် )

www.androidauthority.com ( Android latest သတင်းများ နှင့် နည်းပညာများ လေ့လာနိုင်သည် )

www.myanmarmobileapp.com ( apps , games နှင့် သတင်းများ ရယူနိုင်သည် )

www.freemyanmarandroidmarket.blogspot.com/p/market.html ( မြန်မာ app များ ရယူနိုင်သည် )

www.androidgame-software.tk ( apps & games များ ရယူနိုင်သည် )

www.facebook.com/happyandroidworld ( Page ကိုလဲ ကြေငြာမယ် .. App တွေ ရယူနိုင်သည် )

www.myanmarmobileapp.com ( Mobile သတင်း နှင့် နည်းပညာများ လေ့လာနိုင်သည် )

www.nyinaymin.org ( IT & Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.thitsankhant.com ( Mobile နည်းပညာများ လေ့လာနိုင်သည် )

www.maungpauk.org ( IT & Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.myanmarmobilesoftwaredeveloper.com ( Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.amyokaungtarr.com ( IT & Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.moiblehouse.blogspot.com ( Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.mmithelper.com ( IT & Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.pyaephyo.com ( IT နှင့် Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.myanmarmobilehelpergroup.com ( Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.blog.myanmarmobileusers.com ( Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.mmsoftwarecity.blogspot.com ( IT & Mobile software များ လေ့လာရယူနိုင်သည် )



ပျဉ်မနားသားဘလော့မှ ပြန်လည်မျှဝေပါသည်။

Tuesday, September 16, 2014

MPT Bonus ကြည့်နည်း

ယခုရက်ပိုင်းများတွင် MPT မှ ဝန်ဆောင်မှုပေးသော
Bonus Balance Amount ကိုသိရှိလိုပါက

1331  သို့ QER

ဆိုပြီး မက်ဆေ့ခ်ျပေးပို့၍ ကြည့်ရှုနိုင်ပါတယ်။ မိမိထံသို့ မက်ဆေ့ခ်ျပြန်ဝင်လာပါက ဖြည့်သွင်းထားသော ငွေပမာဏအလိုက် Bonus လက်ကျန်ငွေအားပြပေးပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်။

Saturday, September 13, 2014

DataOn-IncallOff ( For Android )

 ဒီ Apk လေးကတော့ ကျွန်တော်တို့ တီချယ်ဆီကနေပြန်မျှလိုက်တာပါ။
ဖုန်းနဲ့ အင်တာနက်သုံးနေတုန်း ဖုန်းဝင်လာရင် အင်တာနက်လိုင်းတွေပြုတ်ကျသွားလို့ ခဏခဏစိတ်ညစ်နေရသူတွေအတွက် တော်တော်အသုံးတည့်မယ်နော။ ကျွန်တော် တွေ့တွေ့ချင်းပဲ သူငယ်ချင်းများ လိုအပ်မယ်ထင်လို့ ပြန်ရှယ်ပေးလိုက်ပါတယ်။
ဒီ Apk ကို Phone ထဲမှာ Install လုပ်ပြီး ဖွင့်လိုက်တာနဲ့ Internet ကိုဖွင့်ပေးပြီး Incoming Call တွေကို သူ့အလိုအလျောက် ပိတ်ပေးသွားမှာပါ။ ကဲဘယ်လောက်အဆင်ပြေလဲ။
အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ